ဘဝ၏အနိမ့်အမြင့် အတက်အကျများ
ပျော်စရာကောင်းပြီး အပြိုင်အဆိုင်ကစားရသော Chutes and Ladders (မြွေလှေကား) ကစားပွဲတွင် အနိုင်ရခဲ့သည့် ကျွန်မ ငါးနှစ်အရွယ်က ဓာတ်ပုံသည် Facebook memory တွင် ပြန်ပေါ်လာခဲ့သည်။ ကျွန်မတို့ငယ်စဥ်က ထိုဂိမ်းကို မကြာခဏ ကစားဖြစ်ခြင်းကြောင့် ကျွန်မ၏ညီအစ်ကိုမောင်နှမများကို ပို့စ်၌ Tag လုပ်လိုက်သည်။ ထိုကစားနည်းသည် နှစ်ပေါင်းများစွာ ကစားခဲ့သည့် ဂိမ်းကို အခြေခံထားပြီး၊ ကိန်းရေတွက်တတ်အောင် အထောက်အကူပြုသည်။
အမြန်ဆုံး အမှတ် ၁၀၀ ထိ နိုင်အောင် လှေကားတက်ရသည့်အခါ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားရစေသည်။ သို့သော် သတိထားရန်မှာ အကယ်၍ နံပါတ် ၉၈ ၌ မြွေမျိုလျှင် အောက်ဆုံးအထိ လျှောကျသွားမည်ဖြစ်ပြီး၊ အောင်ပွဲအတွက် နှောင့်နှေးစေကာ အတားအဆီး ဖြစ်စေနိုင်ပါသည်။
၎င်းသည် ဘဝအသက်တာနှင့်တူသည် မဟုတ်ပါလား။ ဘဝနေ့ရက်များ၏ အတက်အကျများအတွက် သခင်ယေရှုက မေတ္တာဖြင့် ကျွန်မတို့ကို ပြင်ဆင်ခဲ့သည်။…
အချင်းချင်းကူညီပါ
ဖဲလေး ဒစ်ကင်ဆန် တက္ကသိုလ် (အက်ဖ်ဒီယူ) မှ ဘတ်စကက်ဘောအသင်းသည် ကောလိပ် ဘတ်စကက်ဘောပြိုင်ပွဲအတွက် စတင်ယှဉ်ပြိုင်သော်၊ ပရိသတ်များက အရေးနိမ့်ဟန်ရှိသောအသင်းကို အော်ဟစ်အားပေးခဲ့ကြသည်။ အသင်းက ပထမပိုင်းပြီးချိန်ထိ တောင့်ခံနိုင်မည်ဟု မမျှော်လင့်ထားလည်း၊ သူတို့ တောင့်ခံနိုင်ခဲ့သည်။ ယခုတစ်ဖန် သူတို့၏တီးဝိုင်းအဖွဲ့ ပါမလာသော်လည်း သူတို့၏အားပေးသီချင်းသံကို ပွဲကြည့်စင်ထက်မှ ကျယ်လောင်စွာ ကြားရသည်။ ဒေးတွန်တက္ကသိုလ်တီးဝိုင်းသည် ကစားပွဲမစမီ မိနစ်ပိုင်းတွင် အက်ဖ်ဒီယူ၏သီချင်းကို သင်ယူခဲ့သည်။ တီးဝိုင်းက သူတို့ရသောသီချင်းများကို ရိုးရိုးလေးတီးခတ်ခြင်းသာဖြစ်နိုင်သော်လည်း အခြားကျောင်းနှင့် အခြားအဖွဲ့ကို ကူညီရန် သီချင်းကို သင်ယူရန် ရွေးချယ်ခဲ့သည်။
ဤတီးဝိုင်း၏လုပ်ဆောင်ချက်ကို ဖိလိပ္ပိဩဝါဒစာ၌ ဖော်ပြထားသော စည်းလုံးမှုသင်္ကေတအဖြစ် တွေ့မြင်နိုင်သည်။ ပေါလုသည် ဖိလိပ္ပိမြို့ရှိ ကနဦးအသင်းတော်နှင့် ယနေ့ကျွန်ုပ်တို့ကို စည်းလုံးညီညွတ်ရန် သို့မဟုတ် “သဘောတညီတညွတ်တည်း” (ဖိ ၂: ၂) ရှိရန်ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အထူးသဖြင့် ခရစ်တော်၌ စည်းလုံးကြသောကြောင့်ဖြစ်သည်။…
အချင်းချင်းထံမှ သင်ယူခြင်း
ဇူးမ် (Zoom) သည် အသုံးပြုနိုင်သော ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ် မတည်ရှိမီ နှစ်များတွင် သူငယ်ချင်းတစ်ဦးက စီမံကိန်းတစ်ခုအကြောင်း ဆွေးနွေးရန်အတွက် ဗီဒီယို ခေါ်ဆိုမှုတွင် ပါဝင်ရန် တောင်းဆိုခဲ့သည်။ ကျွန်မ၏အီးမေးလ် အသံနေအသံထားအားဖြင့် ကျွန်မစိတ်ရှုပ်နေသည်ကို သူမ ပြောနိုင်သည်။ ထို့ကြောင့် ဗီဒီယိုခေါ်ဆိုမှု မည်သို့လုပ်ရမည်ကိုသိရန် ဆယ်ကျော်သက်တစ်ဦးအား အကူအညီတောင်းပါဟု သူအကြံပြုခဲ့သည်။
သူမ၏အကြံပြုချက်သည် မတူညီသောမျိုးဆက်အုပ်စုများကြား ဆက်ဆံရေး ၏ တန်ဖိုးကို ထောက်ပြနေသည်။ ၎င်းကို ရုသနှင့်နောမိတို့၏ဇာတ်လမ်းတွင် တွေ့ရှိရသည်။ သူမ၏တိုင်းပြည်မှ ထွက်ခွာပြီး ဗက်လင်မြို့သို့ နောမိကိုအဖော်ပြုသွားရန် ဆုံးဖြတ်သောရုသကို (ရု ၁:၁၆-၁၇) သစ္စာရှိချွေးမတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုလေ့ရှိသည်။ ထိုမြို့သို့ရောက်သောအခါ၊ မိန်းမငယ်က နောမိအား “ကျွန်မသည် လယ်ပြင်သို့သွား၍ (ကျွန်မတို့အတွက်) စပါးကျန်ကို ကောက်ပါရစေ” (၂:၂) ဟုပြော၏။ သူမသည် သက်ကြွယ်အမျိုးသမီးကြီး(သူ့ယောက္ခမ)ကို ကူညီခဲ့ပြီး၊ သူကူညီခဲ့သည့် သက်ကြွယ်အမျိုးသမီးက သူမ ဗောဇနှင့်လက်ထပ်နိုင်ရန်…
ဘုရားသခင်အား ကျေးဇူးတင်ပါ
ကျွန်မသူငယ်ချင်းသည် စိတ်ဖိစီးမှုများသော သူမ၏ဆေးရုံအလုပ်မှ ပြန်လာရင်း၊ သူ့နည်းတူ စိတ်ဖိစီးမှုများသောအလုပ်မှ သူမ၏ခင်ပွန်း ပြန်မရောက်လာမီ ညစာ အတွက် ဘာပြင်ရမည်နည်းဟု တွေးနေသည်။ တနင်္ဂနွေနေ့က ကြက်သားဟင်း ချက်စားခဲ့ပြီး စားမကုန်ဘဲ ကျန်သည့်ဟင်းကို တနင်္လာနေ့တွင် နွေးစားခဲ့သည်။ ထို့နောက် အင်္ဂါနေ့တွင်လည်း ကြက်သားကင် စားခဲ့ကြသည်။ ရေခဲသေတ္တာထဲ၌ ငါး ၂ ကောင်ရှိသော်လည်း သူမယောက်ျားက ငါးဟင်းမကြိုက်ပါ။ အချိန်တိုတွင်း ချက်ပြုတ်ပြီးစီးနိုင်မည့် အခြားအရာရှာမရသဖြင့် ငါးဟင်းသာ ချက်လိုက်သည်။
သူမသည် ဟင်းပွဲကို စားပွဲပေါ်တင်လိုက်ရင်း အခုမှအိမ်ပြန်ရောက်လာသည့် သူမခင်ပွန်းအား“ရှင် ဒီဟင်းကို မကြိုက်မှန်း ကျွန်မသိပါတယ်”ဟု တောင်းပန် စကားဆိုရာ၊ သူမယောက်ျားက ပြန်မော့ကြည့်လိုက်ပြီး “မိန်းမရယ်၊ စားပွဲပေါ်စားစရာတွေ ရှိနေတာကိုပဲ ကိုယ်ဝမ်းသာပါတယ်” ဟု ဆိုလိုက်သည်။
မည်သည့်အရာပင် ဖြစ်နေပါစေ၊ ဘုရားသခင်ထံတော်မှ ကျွန်မတို့ နေ့စဉ်
ရရှိသည့်ပံ့ပိုးမှုများအတွက် ကျေးဇူးသိတတ်ရန်၊ ကျေးဇူးတင်တတ်ရန် အရေးကြီးကြောင်း ထိုသူ၏စိတ်သဘောထားက…
မြေကြီး အစား လှပမှု
တစ်ညနေတွင် ကျွန်မ၏အိမ်အနီးရှိ မြေကွက်လပ်တွင် မြေစိုင်တန်းလေးများ သေသပ်စွာ စီတန်းတူးဖော်ထားသည်ကို သတိပြုခဲ့မိသည်။ မြေတန်းတစ်ခုစီ၌ အစိမ်းရောင် ရွက်နုလေးများနှင့် အဖူးသေးသေးလေးများ ထွက်နေသော အပင် ပေါက်ကလေးများကို တွေ့ရသည်။ နောက်နေ့မနက်တွင် ထိုမြေကွက်၌ ပေါက်နေသော လှပသည့် အနီရောင် ကျူးလစ်ပန်းခင်းကို ကျွန်မရပ်ကြည့်ခဲ့သည်။
ယခင်ဆောင်းဦးရာသီ၌ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တောင်ဘက်ပိုင်းရှိ ထိုမြေကွက်လပ်များတွင် လူတစ်စုက မျိုးစေ့တစ်သိန်းခန့်ကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ အိမ်များဆောက်ရန် ဘဏ်များမှ ချေးငွေမရရှိဘဲ ခွဲခြားဆက်ဆံမှုဒဏ်ကို ခံစားခဲ့ရသော၊ ထိုနေရာတွင် ကနဦး နေထိုင်ခဲ့ကြသော လူနည်းစုမျိုးနွယ်စုများကို ကိုယ်စားပြုသည့်အနေဖြင့် အနီရောင် ကျူးလစ်ပန်းများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကျူးလစ်ပန်းများသည် ထိုနေရာတွင် ဆောက်လုပ်ပြီးစီးရှိနေရမည့် အိမ်များကို ကိုယ်စားပြုခဲ့သည်။
ဘုရားသခင်၏လူများသည် သူတို့၏မွေးရပ်ဌာနေမှ ပြည်နှင်ခံရပြီး ချေးငွေမရရှိခြင်း ကဲ့သို့သော ခွဲခြားဆက်ဆံ ဖိနှိပ်ခံရခြင်းစသော အခက်အခဲများကို ကြံ့ကြံ့ခံခဲ့ရသည်။ သို့သော် ကျွန်ုပ်တို့၌ မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။ ပြည်နှင်ဒဏ်ခံရချိန်၌ပင် ဘုရားသခင်သည်…
ပူပန်ခြင်းပေါင်းပင်များကို ဆွဲနှုတ်ပါ
ကျွန်မ၏အိမ်နောက်ဖေးရှိ ပန်းစိုက်ပုံးတစ်ခုထဲသို့ အစေ့အချို့ကို မြှုပ်နှံပြီးနောက် ရလဒ်ကို ကျွန်မစောင့်ကြည့်ခဲ့သည်။ အစေ့များသည် (၁၀) ရက်မှ (၁၄) ရက်အတွင်း အညှောင့်ထွက်လာသည်ဟု ကျွန်မဖတ်ဖူးသဖြင့် မြေကြီးကို မကြာခဏရေလောင်းပြီး အညှောင့်ထွက်မထွက် စစ်ဆေးကြည့်သည်။ မကြာမီတွင် မြေပေါ်သို့ သစ်ရွက်စိမ်းများ ထိုးထွက်လာသည်ကို တွေ့ခဲ့ရသည်။ သို့သော်လည်း ကျွန်မခင်ပွန်းက ၎င်းတို့မှာ ပေါင်းပင်များဖြစ်သည်ဟု ပြောသောအခါ ကျွန်မ၏ဝမ်းသာမှုများ ဖြုန်းကနဲ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူက ၎င်းပေါင်းပင်များကို အမြန်နှုတ်ပစ်ရန် ကျွန်မကို တိုက်တွန်းသည်။ သို့မှသာ ကျွန်မကြိုးစားစိုက်ထားသော အပင်များကို ပေါင်းပင်များ ဝါးမြိုတော့မည် မဟုတ်ပေ။
ကျွန်မတို့၏ဝိညာဥ်ရေးရာ ကြီးထွားမှုကို ဟန့်တားသော ကျူးကျော်သူများနှင့်ပတ်သက်၍ ဖြေရှင်းရန် အရေးကြီးကြောင်း သခင်ယေရှု မိန့်ကြားလျက် သူ၏ပုံပြင်တစ်ပုဒ်၏ အပိုင်းတစ်ပိုင်းကို ရှင်းပြထားသည်မှာ စိုက်ပျိုးသူက မျိုးစေ့များကို ဖြန့်ကြဲလိုက်သောအခါ “အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်ဆူးပင်တို့သည် ကြီးပွား၍ ညှဥ်းဆဲကြ၏”…
သခင်ခရစ်တော်၌ အားယူ၍ ရဲရင့်ခြင်း
၂၀ ရာစုအစပိုင်းတွင် Mary McDowell (မေရီမက်ဒေါ်ဝဲလ်)သည် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့ရှိ တိရိစ္ဆာန်များကို မသတ်မီ (သို့) မရောင်းမီ လှောင်ထားသော ကြမ်းကြုတ်လှသည့် မွေးမြူရေးခြံများနှင့် ကမ္ဘာခြားသော ဘဝ၌ နေထိုင်ခဲ့သည်။ သူမ၏အိမ်သည် ထိုမွေးမြူရေးခြံများနှင့် မိုင် ၂၀ သာကွာသော်လည်း ထိုခြံများမှ အလုပ်သမားများကို သပိတ်မှောက်စေခဲ့သည့် ဆိုးဝါးလှသည့် လုပ်ငန်းခွင် အခြေ အနေများကို သူမ မသိခဲ့ပါ။ အလုပ်သမားများနှင့် သူတို့၏မိသားစုများ ရင်ဆိုင်ရသည့် အခက်အခဲများ အကြောင်းကို သူမ သိရသည်နှင့်တပြိုင်နက် မက်ဒေါ်ဝဲလ်သည် ထိုနေရာသို့ပြောင်းရွေ့သွားပြီး၊ သူတို့ကြားထဲ နေထိုင်ခဲ့ကာ လုပ်ငန်းခွင်နှင့် နေထိုင်ရေးအခြေအနေများ ပိုမိုကောင်းမွန်လာရေး ဆော်ဩခဲ့သည်။ သူတို့၏လိုအပ်ချက်များကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပြီး ဈေးဆိုင်ငယ်တစ်ခု၏နောက်ခန်းတွင် ဖွင့်လှစ်ထားသောကျောင်း၌ ကလေးငယ်များအား စာသင်ပေးခဲ့သည်။
မိမိအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိသော်လည်း အခြားသူများ ပိုမိုကောင်းမွန်စွာ နေနိုင်ရေးအတွက် ရပ်တည်ပေးခြင်းကို မိဖုရား ဧသတာလည်း လုပ်ဆောင်ခဲ့သည်။…
ဆုတောင်းရန် ဆန္ဒရှိခြင်း
တစ်ခါက ကျွန်မ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် ကျွန်မတို့၏မန်နေဂျာကြောင့် သူမ၏ဆုတောင်းခြင်းအသက်တာ တိုးတက်လာခဲ့ကြောင်း ပြောခဲ့ဖူးသည်။ ဆက်ဆံရခက်သော ကျွန်မတို့၏ခေါင်းဆောင်သည် ဝိညာဉ်ရေးရာ သတင်းစကားအချို့ကို သူမအား ဝေမျှပေးသဖြင့် သူမ၏ဆုတောင်းမှုအပေါ် သက်ရောက်သည်ဟု ကျွန်မတွေးကာ အံ့ဩနေခဲ့သည်။ သို့သော် ကျွန်မအတွေးမှားခဲ့သည်။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းက “သူလာတာကို မြင်တိုင်း ငါစပြီးဆုတောင်းတော့တယ်” ဟုရှင်းပြသည်။ သူနှင့် စကားမပြောမီ သူမပို၍ဆုတောင်းသောကြောင့် သူမ၏ဆုတောင်းခြင်းက တိုးတက်လာခဲ့သည်။ အလုပ်နှင့်ပတ်သက်၍ဆက်ဆံရခက်သည့် မန်နေဂျာကြောင့် ဘုရားသခင်၏မစမှုကို သူမလိုအပ်ကြောင်း သူမသိပြီး၊ ဘုရားသခင်အား တိုး၍ ဟစ်ခေါ်ခဲ့သည်။
ခက်ခဲချိန်များနှင့် တုံ့ပြန်ပြောဆိုရချိန်များတွင် ကျွန်မလုပ်ဖော်ကိုင်ဖက်၏ ဆုတောင်းခြင်းအလေ့အကျင့်ကို ကျွန်မ အတုယူကျင့်သုံးခဲ့သည်။ ၎င်းသည် ကျမ်းစာသွန်သင်ချက်နှင့်လည်း ကိုက်ညီသည်။ သက်သာလောနိတ်သြဝါဒစာပထမစောင်တွင် “သခင်ယေရှုကို ယုံကြည်သူများအား ရှင်ပေါလုက မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။ ... အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့” (၅:၁၇-၁၈) ဟုသတိပေးထားသည်။ မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ဆုတောင်းခြင်းသည် အမြဲတမ်း…
နားကြားခြင်းငှာ လျင်မြန်သော
ခင်မင်ရသည့် မိတ်ဆွေတစ်ဦးက ကျွန်မအပေါ် စွပ်စွဲပြောဆိုချက်များကို တုံ့ပြန်ချေပရန် ကျွန်မပါးစပ်ကို ဟလိုက်စဉ် ကျွန်မ၏နှလုံးခုန်နှုန်းမြန်လာသည်။ အွန်လိုင်းပေါ်တွင် ကျွန်မတင်ခဲ့သည့်အကြောင်းအရာက သူမရည်ညွှန်းပြောဆိုသကဲ့သို့ သူမနှင့်ဆက်စပ်ပတ်သက်မှု လုံးဝမရှိပါ။ သို့သော် ကျွန်မ မတုံ့ပြန်မီ တီးတိုးဆုတောင်းခဲ့သည်။ ထို့နောက် ကျွန်မ ငြိမ်သက်မှုရရှိလာပြီး သူမပြောနေသည့်အရာ၊ သူမ၏စကားလုံးများနောက်ကွယ်မှ နာကျင်ခံစားနေရမှုကို ကြားလာရသည်။ အပေါ်ယံထက် ပိုမိုနက်နဲသည့်ကိစ္စဖြစ်ကြောင်း သိသာပါသည်။ ကျွန်မမိတ်ဆွေသည် နာကျင်ခံစားနေရပြီး သူမ၏ဝေဒနာ သက်သာစေရေး ကူညီပေးရန် ကျွန်မဆုံးဖြတ်လိုက်သည့်အခါ ကိုယ့်ကိုကိုယ် ကာကွယ်ရန်လိုအပ်သည့် အခြေအနေက ပျောက်ကွယ်သွားသည်။
သူမနှင့်စကားပြောနေစဉ်အတွင်း ယနေ့ဖတ်ရန် ကျမ်းချက်မှ “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာ ...၊ အမျက်ထွက်ခြင်းငှာ ... နှေးကြစေ” (ယာ ၁:၁၉) ဟူသည့် ရှင်ယာကုပ်၏တိုက်တွန်းချက်၏ ဆိုလိုရင်းကို ကျွန်မ သိနားလည်ခဲ့ရသည်။ နားထောင်ခြင်းက စကားလုံးများနောက်ကွယ်ရှိ အကြောင်းချင်းရာကို ကျွန်မတို့အား ကြားစေပြီး၊ “ဘုရားသခင်၏…
အသက်ကယ်သော ဘုရားသခင်၏ဉာဏ်ပညာတော်
စာများစုပုံလာသည်ကိုတွေ့ရှိပြီးနောက် စာပို့သူ စာတိုက်ဝန်ထမ်းမှာ စာလက်ခံရရှိသူအတွက် စိုးရိမ်လာခဲ့သည်။ ဤအိမ်၌ သက်ကြီးအဖွားအိုတစ်ဦးတည်း နေထိုင်ပြီး နေ့စဉ် သူမ၏စာများကို ထွက်ယူလေ့ရှိကြောင်း သူမသိသည်။ သို့နှင့် အဖွားအို၏ အိမ်နီးနားချင်းတစ်ဦးအား သူမ၏စိုးရိမ်မှုကို ပြောပြခဲ့ခြင်းဖြင့် အမြော်အမြင်ရှိသော ရွေးချယ်မှုတစ်ခုကို ပြုခဲ့သည်။ ဤအိမ်နီးချင်းက အဖွားအို၏အိမ်သော့အပိုရှိသော အခြားအိမ်နီးချင်းတစ်ဦးအား တပ်လှန့် နှိုးဆော်လိုက်ပြီး သော့ဖွင့်ကာ အိမ်ထဲသို့ အတူဝင်ကြည့်ရာ သူတို့၏ အိမ်နီးချင်းအဖွားအိုမှာ ကြမ်းပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့ရှိခဲ့သည်။ သူမသည် လွန်ခဲ့သည့် လေးရက် ကတည်းကလဲကျနေခဲ့ပြီး မထနိုင်ခြင်းကြောင့် အကူအညီလည်း မတောင်းနိုင်ခဲ့ပေ။ စာတိုက်ဝန်ထမ်း၏ အမြော်အမြင်ရှိမှု၊ အလေးထားမှုနှင့် ဆုံးဖြတ်ချက်သည် အဖွားအို၏အသက်ကို ကယ်ဆယ်လိုက်နိုင်ခြင်းဖြစ်သည်။
“သူတစ်ပါးတို့၏စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏” (၁၁:၃၀) ဟု သုတ္တံကျမ်းက ဆိုထားသည်။ မှန်သောကျင့်ကြံပြုမူခြင်းနှင့် ဘုရားသခင်၏ပညာတော်နှင့်အညီ အသက်ရှင်ခြင်းမှ ရရှိသော ပိုင်းခြားသိမြင်မှုဉာဏ်သည် မိမိအတွက်သာမက မိမိနှင့်ကြုံတွေ့ရသူများအတွက်လည်း…